မြန်မာ့ဓလေ့သီတင်းကျွတ်လပြည့်နှင့်အမှတ်တရများ

ဤလောကကြီးထဲ၌မှီတင်းနေထိုင်ကြသောလူသားများအဖို့တစ်နည်းမဟုတ်

မဟုတ်တစ်နည်းကျေးဇူဆပ်စရာတွေအသီးသီးရှိနေကြသည်မှာအမှန်ပင်

ထိုအထဲတွင်မြတ်ဗုဒ္ဓလည်းအပါဝင်ဖြစ်၏၊သို့သော်မြတ်ဗုဒ္ဓ၏်ကျေးဇူးဆပ်

နည်းကားစိတ်ဝင်စားစရာအင်မတန်ကာင်းလှပေသည်၊လူအများစုကျေးဇူး

ဆပ်နေကြသည်မှာရုပ်ဝတ္ထုပစ္စည်းများဖြင့်ပေးကမ်း၍ဆပ်နေကြချင်းပင်၊

မြတ်ဗုဒ္ဓကားထိုသို့မဟုတ်၊မိမိရဲ့နှလုံးသားထဲမှာတည်ရှိနေသည့်အဘိဓမ္မာ

(၇)ကျမ်းဟူသောဓမ္မဖြင့်ကျေးဇူးဆပ်ခြင်းပင်၊အမေ့ကျေးဇူးဆပ်နည်း(၅)မျိုးအနက်

နောက်ဆုံးနည်းဖြင့်ဆပ်ခြင်းဟုဆိုရပေမည်။တစ်ခုသောနေ့တစ်နေ့မှာမြတ်ဗုဒ္ဓ၏

အထွေးစိတ်ကူးထဲ၌အမေ့မျက်နှာပုံရိပ်မြင်ယောင်လာခဲ့လေပြီ၊ထိုပုံရိပ်ကိုဟိုဟို

ဒီဒီအတွေးနယ်ချဲ့ကြည့်လိုက်သည့်အခါမှာတော့မိမိအားလူလားမြောက်အောင်

အမေရင်းတစ်ယောက်ပမာဆက်လက်ပြုစုစောင့်

ခန္ဓီနှလုံး အပြံးမျက်နှာ

လောကီပုဂ္ဂိုလ်၊ လူထိုထိုတို့
မလိုစိတ်ထား၊ မုန်းစိတ်ပွားလည်း
ငါ့အားရန်ပြု၊ ငါမမှုပေ
ပြုံး၍နေအံ့ ။

ငါသည်သော်ကား၊
ခန္တီတရား
လက်ကိုင်ထားလျှက်
သင်တို့ရန်ပြု၊ စိတ်ထားနုလည်း
မုခမညို၊ ရန်မလိုဘဲ
အချိုမျက်လုံး၊ အမြဲသုံးလျက်
အပြုံးဖြင့်သာ နေလိုက်ပါမည်
ဆယ်ကမ္ဘာတိုင် မုန်းစေသော် ။

မောင်တေဇ (စလင်း) ရွှေကံမြေ

ပြည်တွင်းထုတ်
"မေတ္တာရှင်" ဘာသာယဉ်ကျေးမှုမဂ္ဂဇင်း
အမှတ် (၂)၊ ၂၀၀၉၊ သြဂုတ်လ၊ စာမျက်နှာ (၇) မှ ကဗျာအား
ကရုဏာမေမေကို ဂုဏ်ြပုသောအားဖြင့် မျှဝေခံစားကူးယူဖော်ပြအပ်ပါသည်။

©2009 TRIPPLE-ONE | by TNB